နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Tuesday, January 24, 2012

မဟနသာ မရှိတော့ရင် မိခင်လောင်းများအတွက် စိတ်လေးစရာ...



ဟိုးရှေးရှေးတုန်းကပုံပြင်နှင့် မဟန ဘာလဲ ဘယ်လဲ ဆိုပြီး
ခွေးပုံနဲ့တွဲပြီးတင်ထားတာတွေ့ရတော့ အတော်စိတ်မကောင်းဖြစ်မိတယ်...



ပညာတတ်ပြီး စာအရေးကောင်းလို့ လေးစားခဲ့ပါတယ်အရှင်...
ဆရာတော်ကြီး ၄၇-ပါးကိုတော့ ခွေးနဲ့နှိုင်းပြီး မရေးသင့်ပါဘူးဘုရား...

သိက္ခာကြီးမားတဲ့ ဗန်းမော်ဆရာတော်ဘုရား ဦးဆောင်သော မဟနခေါ်တဲ့ မြန်မာသံဃာ့အဖွဲ့အစည်း တစ်ခုလုံးကိုတော့ ဒီလို မရေးသင့် မစော်ကားသင့်ဘူး ထင်မိပါတယ်... ပုဂ္ဂိုလ်ရေးနဲ့ သံဃာ့အရေး ခွဲသင့်တယ်ထင်ပါတယ်... အရှင်ဘုရားတော့မသိဘူး တပည့်တော်တော့ အရှင်ဘုရားအတွက် စိတ်မကောင်းဘူး... ရင်ပူတယ်... အရှင်ဘုရား စာတွေလည်း အများကြီး သင်ထားတာဘဲ...  ဒေါသအာဃာတတရားတွေ ရှေ့တန်းမတင်ပါနဲ့ဘုရား...  မဟနဖျက်ဖို့ လှုံ့ဆော်ခြင်းတွေဟာ သာသနာကို ဖျက်သလိုမျိုး ဖြစ်လာနိုင်ပါတယ်...

အဖွဲ့လို့ လုံးပြီး အပြစ်မဆိုကြပဲ ပုဂ္ဂိုလ်တစ်ဦးခြင်း အပြစ်ရှိလျှင် 
အပြစ်ပြ ပြောဆိုခြင်းက ပိုပြီး သင့်တော်ပါတယ်...

သူတော်ကောင်းအပေါင်းတို့...
သံဃာ့မဟာနာယကအဖွဲ့ရယ်လို့ ရှိလာလို့သာ ဘုရားတပည့်တော်တို့ ထေရဝါဒဗုဒ္ဓသာသနာဝင် ဘုန်းကြီးများ ဖြစ်ကြရတာပါ... ဒီအဖွဲ့သာ မပေါ်ပေါက်ခဲ့ရင်... လူသေလူဖြစ်ဝါဒ ဦးဥက္ကဋ္ဌနဲ့တင် ဘုရားတပည့်တော်တို့ ဘာဗုဒ္ဓဘာသာမှန်းမသိ ဖြစ်နေလောက်ပါပြီ... ကျောက်ပုံဝါဒဆို နို့တစ်လုံးပေးရမယ်တောင်ဆိုသေး... မိခင်များကိုယ်စား ဒီလောက်နဲ့တင် မဟနကို ကျေးဇူးတင်သင့်နေပါပြီ... ဒီထက်ပိုပြီးစဉ်းစားကြည့်ရင် မဟနဆိုတာသာ မရှိခဲ့ရင် အရည်းကြီးတွေ ခေတ်စားနေလောက်ပါပြီ... ဒီလိုသာဆို ဘုရားတပည့်တော်တို့ မိမစစ်ဖမစစ်တွေဖြစ်မှာ သေချာတယ်... ဘာလို့လည်းဆိုရင် သာသနာအစစ်အမှန်မရှိလို့ အရည်းကြီးတွေ ခေတ်စားခဲ့တာ မှတ်မိကြမှာပါ... ဒီလိုသာဖြစ်ရင်တော့ မိခင်လောင်းတွေကို ပန်းဦးလွှတ်တဲ့အလုပ် လုပ်ကြရတော့မယ်... (လူငယ်တချို့ အရည်းကြီးဆိုတာမသိ ဖြစ်မှာစိုးလို့... အရည်းကြီးဆိုတာ သင်္ကန်းလိုလို ပိတ်စခြုံထားတဲ့လူကိုခေါ်တာပါ... သင်္ကန်းဝတ်လူပေါ့... လူလုပ်တာမှန်သမျှထက် မကောင်းမှုပိုလုပ်ကြတယ်... အဆိုးဆုံးကတော့ တစ်တိုင်းပြည်လုံး ရှင်ဘုရင်မှစ မိန်းမယူကြရင် ဒီဘုန်းကြီးအမည်ခံ အရည်းကြီးတွေထံမှာ မိမိမယားလောင်းကို တစ်ရက်ပို့ရတယ် သူ့မယားအဖြစ် နေရတယ်လို့ ဆိုပါတယ်... ဖိုမကာမဂုဏ်မှီဝဲခြင်းကို အရည်းကြီးဆိုသူတို့ ခံစားနှစ်သက်ကြပါတယ်... သူပြီးမှ ယောက်ျားထံ ပြန်ပို့ပေးတာပါ... ထေရဝါဒသာသနာကိုစောင့်ရှောက်နေတဲ့ မဟနလို သံဃာအဖွဲ့တွေသာ မရှိဘူးဆိုရင် ဒီအတိုင်း အရည်းတို့ခေတ် ဖြစ်လာမှာပါ...)

ဒကာလေးတို့ သင်တို့ဇနီးလောင်းများအတွက် စဉ်းစားရမယ်...

မဟနဖျက်သိမ်းရေး လှုံ့ဆော်ခြင်းဟာ သံဃာကွဲအောင်ခွဲသလို ဖြစ်လာနိုင်ပါတယ်...
ထေရဝါဒသာသနာကို ဖျက်ဆီးတဲ့သဘော ဖြစ်လာနိုင်ပါတယ်...
တောင်းပန်ပါတယ် ဒကာလေးတို့...
လူငယ်တွေ သေချာမသိပဲ မဟနဖျက်ပြစ်ဆိုတာမျိုး မပြောကြပါနဲ့...
ဘုန်းကြီး သံဃာသင်းကွဲမှုတွေ ဖြစ်လာလိမ့်မယ်...
လူဆိုရင် အဲဒီလောက်နီးပါး ကံထိုက်မယ်...
ဒီကိစ္စမှာ သွေးထိုးမှုကို မခံကြပါနဲ့...

မဟနခေါ်ဆိုတဲ့ မြန်မာနိုင်ငံ သံဃာမဟာနာယကအဖွဲ့အစည်း တည်တံ့ဖို့ ညီအကိုအပေါင်းနဲ့ သူတော်ကောင်းတို့မှာ တာဝန်ရှိပါတယ်...

မဟနဖျက်ရမှာ မဟုတ်ပါဘူး 
ဘုရားတပည့်တော်တို့ အားလုံး ဝိနည်းနဲ့ နေကြရုံပါ...

ထေရဝါဒ ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် တာဝန်ကျေပါစေ...
ထေရ၀ါဒသံဃာတော်များအားလုံး လက်တွဲနိုင်ကြပါစေ...
ညီတော်နောင်တော်များ ငြိမ်းချမ်းစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ကြပါစေ...
ဦးလောကနာထ
၁.၂၂.၂ဝ၁၂





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

14 comments:

Anonymous said...

သာဓု... သာဓု... သာဓု.

Mon said...

သာဓု သာဓု သာဓုပါဘုရား။

မင်းကွန်းဆရာတော်ကြီးမှစလို့ သံဃာ့နာယကကို ဦးဆောင်ခဲ့ကြတဲ့ ပျံတော်မူမကွေးဆရာတော်ကြီး၊ လက်ရှိဗန်းမော်ဆရာတော်ဘုရားကြီးတို့လို ကြည်ညိုဖွယ်သံဃာတွေ များစွာရှိပါတယ်ဘုရား။ ဓမ္မနဲ့ဝိနယကို ပြင်ဆင်ဖျက်ဆီးဟောတာတွေကို လုံးဝ လက်မခံတဲ့ ဆရာတော်ကြီးတွေပါ။

Anonymous said...

တပြည့်တော်တို့ကတော့ဒီလိုအဖွဲ့မျိုးရှိတာနှစ်သက်ပါဘု၇ား။ သံဃာလေးသိန်းကျော် ထိန်းသိမ်းပေးသူများမရှိရင်မလွယ်ပါဘုရား။

Anonymous said...

အကျိုးနဲ့အပြစ်ကို ၂ ဘက်မျှဝြပီး ကြည့်တာ ကောင်းပါတယ်။ဒါပေမဲ့သီရိလင်္ကာနဲ့ ထိုင်းကို ကြွပါ။ သံဃာတွေကို ကြည့်ပါ။ မဟနအဖွဲ့ရှိသော မြန်မာထက် သံဃာတော်များနေထိုင်ပုံကြည်ညိုဘွယ်ရှီတာ တွေ့ပါမည်။မဟနအဖွဲ့ သာသနာသန့်ရှင်းရေး အလေးမမူ လာဘ်လာဘနောက်လိုက်ပြီး ပျက်စီးနေတာ အမှန်ဖြစ်ပါသည်။ တခုခုတော့ ပြုပြင်သင့်သည်ထင်ပါသည် ဘုရား။

Anonymous said...

လူမကောင်းတာလား၊
အဖွဲ့စည်းမကောင်းတာလား။
မူမကောင်းတာလား။
တဖြည့်ဖြည့်အစားထိုးပြင်ရင်ရနိုင်၏။
တစ်ခုလုံးဖျက်မယ်ဆိုရင် ထေရ၀ါဒသာသာနာအတွက်ရင်လေးစရာဖြစ်မယ်လိုစည်းစာမိတယ်။

Anonymous said...

ရေးတဲ့ကိုယ်တော်က မဟနကို စင်ပြိုင်ထောင်ထားတဲ့ ပြည်ပ သာသနာ့ဥသျှောင် လက်အောက်ခံဆိုတော့ ဒါကြောင့် တိုက်ခိုက်ဟန် တူပါတယ်။ အုပ်စုဖွဲ့ပြီး ဆော်မယ်နှက်မယ်ဆိုတဲ့ လူဆန်ဆန် အထူးသဖြင့် လူမိုက်ဆန်ဆန် လုပ်ရပ်တွေတော့ ဘုရားသားတော်များမလုပ်ကြစေလိုပါ။

Anonymous said...

သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ် ပြည့်စုံတော်မူကြတဲ့ ဆရာတော်ကြီးတွေကို မဆင်မခြင် မစော်ကားမိဖို့ လိုပါမယ်။ မဟနနဲ့ စင်ပြိုင်ဂိုဏ်းကဖြစ်တိုင်း ဂိုဏ်းစိတ်ဂိုဏ်းစွဲနဲ့ မဟနဆရာတော်ကြီးတွေကို အပြစ်ရှာတာ မဖြစ်သင့်ဘူး။
ကိုယ်တိုင်ရော သီလသိက္ခာ ဘယ်လောက် ရှိသလဲ ပြန်ဆန်းစစ်သင့်ပါတယ်။

Anonymous said...

ဗမော်ဆရာတော်ကြီးလိုမျိုးကတော့ ဘယ်လိုမှ မပစ်မှားကောင်းပါဘူး။ မဟနလည်း ဒီလိုဆရာတော်ကြီးတွေ ပါနေလို့ ခံသာတယ်လို့မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက ဘွဲ့တံဆိပ်တွေ ပိုင်ဆိုင်ထားတဲ့ ရန်ကုန်တိုင်း မဟနဥကဋ္ဌဆရာတော်တစ်ပါးရဲ့ ကျောင်းတိုက်ကို ရောက်ခဲ့ပါတယ်။ ကြည်ညိုစိတ်နဲ့ သွားခဲ့တာပါ။ ဟိုရောက်တော့ ဘုန်းကြီးကျောင်းအ၀င်မုခ်ဦးမှာတင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူ တွေကို တစ်ခန်းတနား လုပ်ထားယုံတင်မက ဘုရားခန်းကိုပါပို့ထားတာ တွေ့ရတော့ နဲနဲတွန့်သွားမိတယ်။ နဲနဲကြာတော့မှ အဲဒီဘုန်းကြီးက ၀ိဇ္ဇာဓိုရ်ဘုန်းကြီး၊ ဓာတ်ဘုန်းကြီးမှန်း သိရတော့တယ်။ ဒါမျိုးက မဟနမှာ ပါသင့်သလား စဉ်းစားဆရာပါ။ ထေရ၀ါဒကို ကာကွယ်စောင့်ရှောက်မယ့် ဆရာတော်က ၀ိဇ္ဇာဓိုရ်ဘုန်းကြီး ဖြစ်နေတာ ကိုယ်တိုင်ကိုယ်ကျမြင်ရ တွေ့ရတော့ လွန်စွာစိတ်မကောင်း ဖြစ်ရပါတယ်။ ရုတ်တရက် အားမရှိတော့သလိုတောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီဘုန်းကြီး အခု မဟနမှာ ရှိသေးလားတော့ မသိပါ။ တစ်နှစ်ကျော် နှစ်နှစ်ရှိပါပြီ။ တစ်တစ်ခုတော့ ရှိပါတယ်။ မဟန ကို ၀ါးလုံးရှည်နဲ့ ရမ်းပြီး ဆော်ကားတာမျိုးကိုတော့ ဘယ်လိုမှလက်မခံနိုင်ပါ။ လုံးဝမဖြစ်သင့်ပါ။ သဘောလည်းမတူပါ။

Anonymous said...

မဟနပေါ်ပေါက်လာတာ အကျိုးထက် အပြစ်က ပိုများပါတယ်. မဟနမရှိရင် ပန်းဦးဆက်ဓလေ့ပေါ်လာမယ်ဆိုတာကတော့ ကိုယ်လိုရာဆွဲရေးတာပါ။ဦးနေ၀င်းက စပြီး စစ်အာဏာရှင်အဆက်ဆက် မဟနကို ခုတုံးလုပ် သံဃာနှိပ်ကွပ်ရေးလုပ်လာတာ သမိုင်းသက်သေပါ.

အရှင်ကုသလသာမိ said...

ဆရာတော်ရဲ့ သာသနာပြုလုပ်ငန်းတွေအတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ်ဘုရား။ တပည့်တော်တို့ အွန်လိုင်းနဲ့ ဓမ္မစာပေတွေ ဖြန့်ဝေတဲ့ဆိုက်တွေထဲမှာ ဆရာတော်ရဲ့ ဆိုက်က တပည့်တော် နှစ်သက်မိတဲ့ ဆိုက်တွေထဲက တစ်ခုဖြစ်ပါတယ်ဘုရား။ အခုထိလည်း ရှိနေဆဲပါ။
တပည့်တော်က ဆရာတော်ထင်သလိုတော့ မဟုတ်ပါဘူး။ ရမ်းသန်းပတ်ရမ်းတဲ့ စနစ်ဆိုးတွေကို ပြောင်းလဲစေချင်သူပါ။ အကြောင်းတစ်ခုကို သဘောပေါက်အောင် မကြိုးစားဘဲ တစ်စွန်းတစ်စနဲ့ ဟိုဝေဖန်ဒီဝေဖန်တွေကိုလည်း မကြိုက်သူပါ။ ဒါလေးလည်း ဖတ်ကြည့်တော်မူပါအုံးဘုရား။
နားလည်ခြင်းမိုးတိမ် (http://www.ashinkusala.com/2012/02/blog-post_03.html)
ပြီးရင် ၀ီရသူရေးတဲ့ သမိုင်း၏ တရားခံဆိုတာကိုလည်း ဖတ်ကြည့်စေလိုပါတယ်ဘုရား။
ဒိထက် အသေးစိတ်သိလိုပါက တပည့်တော်များ မေးလ်သို့လည်း မေးမြန်းနိုင်ပါတယ်ဘုရား။ ဆရာတော်လို သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ဆရာတော်နဲ့ ပတ်ဘလစ်မှာ မပြောရဲလို့ပါဘုရား။
တပည့်တော်မှာ ဆရာတော်နဲ့ လက်တွေ့ကျကျ ဆွေးနွေးဖို့ အကြောင်းအရာတွေ ရှိပါတယ်။
လေးစားကြည်ညို ဦးခိုက်လျှက် .....
အရှင်ကုသလသာမိ (ပျော်ဘွယ်)

lknt said...

မှန်ပါအရှင်ဘုရား...
မပြည့်စုံကြသေးတဲ့ဘ၀တွေမို့ ပြင်စရာတွေကတော့ ရှိမှာပါဘုရား...
လိုအပ်တယ်ထင်လို့ပြောကြတာ ကောင်းပေမဲ့...
ခံစားချက်အပြင်းစားတွေဆိုတော့ စာတွေ စကားတွေက ပြင်းတတ်ပါတယ်ဘုရား...
ဘုရားသားတော်တွေမို့ သတိတော့ထားရမှာပါ...
ဒကာဒကာမတွေက တပည့်တော်တို့ကို အတုယူဖို့ ကြည့်နေကြတာပါ...
တပည့်တော်တို့ ဘုရားသားတော်ပီပီ နေပေးရမယ်လို့ ခံစားရပါတယ်...

အရှင်ဝီရသူရေးတဲ့စာကို တပည့်တော်ဖတ်ပြီးပါပြီဘုရား...
ကုလားနဲ့ပတ်သက်တဲ့တိတ်ခွေတွေ ရကတည်းက နှစ်သက်ခဲ့ပါတယ်...
ဗုဒ္ဓသာသနာကို ရွက်ဆောင်မဲ့သူတွေ ပေါ်ပေါက်စေလိုပါတယ်ဘုရား...
ခုနောက်ဆုံးဆိုရင် လင်္ကာအရှင်ပေါ်ထွက်လာပြန်တယ် ၀မ်းသာတယ်ဘုရား...

ပြည့်စုံမှုမရှိသေးတဲ့ ဘုရားတပည့်တော်ကို ဆုံးမစရာရှိက ဆုံးမနိုင်ကြပါတယ်ဘုရား...
အရှင်ဘုရား ကိုယ်ရောစိတ်ပါ မျှတကြပါစေ...
ဦးလောကနာထ
၂.၁၆.၂၀၁၂

Anonymous said...

အရှင်ဘုရားတို့ အပြန်အလှန် ရေးတဲ့ ကွန်မန့်တွေကို ဖတ်ပြီး တပည့်တော် မျက်ရည်ဝဲသည် အထိ လေးစားကြည်ညိုပါတယ်ဘုရား။

ဗုဒ္ဓသာသနာ ကို စောင့်ရှောက်ကြသော ဘုရားသားတော် များကို ရိုသေလေးမြတ်စွာ ဦးချပါတယ်ဘုရား။

အရှင်ဘုရားတို့ သာသနာ့တာဝန်ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ထမ်းဆောင်နိုင်ကြပါစေဘုရား။

(တပည့်တော် email account နဲ့ မ၀င်ချင်လို့ Anonymous နဲ့ပဲ ရေးလိုက်ပါတယ် ဘုရား)

Anonymous said...

ဗုဒ္ဓတရားတော်များအတိုင်းလိုက်နာကျင့်ကြံအားထုတ်သော်ထေရ၀ါဒဆရာတော်ကြီးများအား
အားပါးတရဖူးရပါလို၏

iban said...

သာဓု.. သာဓု.. သာဓုပါဘုရား..
အပေါ်ကတစ်ယောက် ရေးသွားတာ တင်စားတာ မဟုတ်နိုင်ပါဘုရား.. မြင့်မြတ်နူးညံ့ကြတဲ့ ဘုရားသားတော် အရှင်ဘုရားတို့ အပြန်အလှန်ရေးသားကြတာကို ဘုရားတပည့်တော် ကြည်ညို ၀မ်းသာလွန်းလို့ ဒီစာကို ရေးသားခိုက်မှာ မျက်ရည်တွေနဲ့ပါဘုရား..