နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Monday, February 15, 2010

ဆူနာမီဆရာတော် ဦးဥတ္တမသာရ အရှင်သူမြတ်ဘုရား

ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ
ဓမ္မော မေ သရဏံ အညံ နတ္ထိ
သံဃော မေ သရဏံ အညံ နတ္ထိ

ရိုသေစွာ လျှောက်ထားအပ်ပါသည်
ဆူနာမီဆရာတော် ဦးဥတ္တမသာရ အရှင်သူမြတ်ဘုရား
ဘုရားတပည့်တော် ကာလီဖိုးနီးယား အယ်လ် ဆိုဗရန်တီမြို့
အလိုတော်ပြည့်ကျောင်းတွင် နေထိုင်သော ဦးလောကနာထဖြစ်ပါသည် ဘုရား။

အသက်ကြီးမှ ရဟန်းဖြစ်သူများကို ငယ်ဖြူရဟန်းများက စာပေနဲ့ပတ်သက်လို့ အနိုင်ကျင့်တယ်လို့ ပြောတတ်ကြပါတယ်။ ခု ဒီလိုမဖြစ်အောင် အရင်ပြောပြပါမယ် ဘုရား။ ဘုရားတပည့်တော်လည်း အရှင်ဘုရားလို ကြီးမှရဟန်းပြုတဲ့ ကြီးပြုပါ။
၂၀၁၀-ခု ရဟန်းသိက္ခာ ၁၇-၀ါ

အရှင်ဘုရား၏ ဂုဏ်သတင်းများကို လွန်ခဲ့သော ၅-နှစ်ခန့်က အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့လို့ ကြားရပြီးကထဲက ကြီးပြုအချင်းချင်း ၀မ်းမြောက်စွာနဲ့ ကြည်ညိုခဲ့ပါသည်ဘုရား၊ ကြည်ညိုခဲ့သည့်အတိုင်းလည်း အရှင်ဘုရား၏ တရားခွေများကို နာကြားခဲ့ ဖြန့်ဝေခဲ့ပါသည်ဘုရား။ ပထမပိုင်း ဒေါသသံပါတာလေး တစ်ခုပဲ သတိထားမိပါသေးသည် ဘုရား၊ နောက်ပိုင်း တရားတော်များကိုတော့ လက္ခံ၍ မရတော့သည့်အတွက် မနာကြားဖြစ်တော့ပါ ဘုရား။ ဒါဟာ ဆူနာမီဆရာတော်ဘ၀ မရောက်ခင်က ဖြစ်ပါသည်ဘုရား။

သည့်နောက် ၂၀၀၇-မှာ ဆရာတော်ရဲ့ သံဃာမဟာနာယကမှာ ဖြစ်တဲ့အရေးကို မသိလိုက်ပါ၊ ၂၀၀၉-မှာတော့ ဆရာတော်သတင်းတွေ ပြန်ထွက်လာပြီးနောက် ဒကာမ မချစ်မြတ်နိုးက အနာဂါမ် ဆရာတော်က ရဟန္တာ အရိယာကြီးတွေနော် ဆိုတော့မှ အရှင်ဘုရားကိုလည်း တပည့်တော်ရဲ့ စောင့်ကြည့်စာရင်းထဲ ထည့်လိုက်ပါတော့တယ် ဘုရား။

ဘာလို့ စောင့်ကြည့်နေသလဲဆိုခဲ့ရင်တော့ အဖေ့ကို အားနာလို့ပါ၊ ဖခင် မြတ်ဗုဒ္ဓ ရှေ့မှာ ဘုရားသားတော်များ ကျောပေးထိုင်ပြီး လုပ်ချင်တာ လုပ်နေတာ (လုပ်ရမှာ) အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ရှက်လည်း ရှက်လာပါတယ်။

ဒီထဲမှာ ဘုရားတရားတွေ မှားဟောကြတာကတော့ အဆိုးဆုံးပါပဲ ဘုရား၊

တစ်ချို့က မှားမှန်းသိလျှက်သားနဲ့ကို ကိုယ့်အယူ ကြိုက်လို့မှားကြတယ်။
တစ်ချို့က မှားမှန်းမသိလို့ မှားကြပါတယ်။
ဝိနိစ္ဆယ စာအုပ်တွေ များများဖတ်တော့မှ ဘုရားသားတော်တွေ ဘုရားသာသနာကို အတော်ဖျက်ဆီးကြတာပါလားလို့ တွေ့မိပါတယ်။ ဒကာဒကာမတစ်ချို့က ဘေးကနေ လက်ခုပ်တီး နာမည်နဲနဲကြီးလာရင် မြှောက်ပေးကြတယ်ပေါ့ဘုရား။ ဒကာမတွေဟာ သူတို့နှစ်သက်ရင်လည်း လက်ကလေးနှစ်ဖက်နဲ့ တင်ပါးမပြီး ခေါင်းပေါ်ရွက်ထားပြီး ရွာရိုးကိုးပေါက် ယခုခေတ်လိုဆို အွန်လိုင်တစ်လျောက် ဒို့ဘုန်းဘုန်းဆိုပြီး အိုးစည်ဗုံဘောင်းနဲ့ ခုခေတ်လိုဆိုရင်တော့ ဟစ်ဟော့,ပေါ့ဘုရား လှည့်လည် တတ်ကြပါတယ် ဘုရား။ မနှစ်သက်တော့ဘူး ဆိုရင်လည်း သူတို့ပဲ မြောင်းထဲ ထည့်ကြတော့တာပါ။ ဒါဟာ ဘုရားတပည့်တော်တို့ ကောင်းကောင်း သတိမူ သတိထားရမဲ့ ကိစ္စ ဖြစ်ပါတယ်ဘုရား။

အပေါ်ကစကား ပြန်ဆက်ရရင် မှားမှန်းမသိလို့ မှားကြသူများဟာ စေတနာအရင်းခံလို့ ထောက်ပြ သင်ပြလာရင် လမ်းမှန်ပေါ်ကို ရောက်လာနိုင်ပါတယ်ဘုရား။ အရှင်ဘုရားကို ၂၀၀၇-ခုနှစ်က တစ်ခါ၊ ခု ထေရ၀ါဒကို မြတ်နိုးသူများက အစဖေါ်လာပြီးနောက် အရှင်ဘုရားနဲ့ ၁၄-ရက်နေ့ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်ကြရာမှာ နေရာအနှံ့မှ ဒကာဒကာမများနဲ့ သံဃာတော်များ နားထောင်ခဲ့ကြပါတယ်ဘုရား၊ အကောင့်တစ်ခုကို သံဃာလေးငါးပါး နောက်ထပ်ပွားပြီး လွှင့်ပေးတာကလည်း အများကြီးပါဘုရား။ သံဃာတော်များ တစ်ပါးမှ အရှင်ဘုရားကို မမေးမြန်းကြသေးပါဘူး၊ ဒကာဒကာမများ အမေးများကိုပင် အရှင်ဘုရား နှစ်သက်လောက်အောင် အဖြေမပေးနိုင်တဲ့အပြင် မြတ်စွာဘုရားကိုပင် အရှင်ဘုရားကဲ့သို့ ဝေ့လည်ကြောင်ပတ် ၀၀၀ ပြောဆိုသလိုမျိုး စွပ်စွဲလာခဲ့ပါတယ်။ ဒါကို မနှစ်သက်လို့ ဒကာလေးတစ်ယောက်က ၀င်ပြောခဲ့ရပါတယ်၊ အရှင်ဘုရားအဖြေတွေ ထောက်မယ်ဆို ပြောတဲ့စကားတိုင်း ထောက်စရာ အများကြီးပဲ ဖြစ်နေပါတယ်။ တပည့်တော် ဒီနေရာမှာ တစ်စစီ စွဲမထုတ်ပါဘူး ထေရ၀ါဒ မြတ်နိုးသူများကတော့ ဘုရားမျက်နှာကြည့်ပြီး လုပ်ကြမယ် ထင်ပါတယ်။

ခု ဒီစာကိုရေးရတာကလည်း ဒကာလေး သင်္ခဆိုသူရဲ့ ပြောဆိုမှုကြောင့် ရေးဖြစ်သွားပါတယ် ဒီဖိုင်က အလှတရားဝဂ်ဆိုက်မှာ ရေးတဲ့ကွန်မင့်ပါဘုရား၊ ဒီဖိုင်က ဒကာလေးသင်္ခရေးသောဖိုင်၊ စွပ်စွဲခြင်းနဲ့ အမှားကို ထောက်ပြခြင်း ဆိုတာ ကွဲပြားပါတယ်ဘုရား၊ ခုကိစ္စကတော့ သာသနာအတွက် အမှားကို ထောက်ပြခြင်းတွေ ဖြစ်ပါတယ်။ တပည့်တော် မြန်မာနိုင်ငံ ထေရ၀ါဒ ဆဋ္ဌမူကို တည်တံ့အောင် ပြုလုပ်သူများ အားလုံးကို ကြိုဆိုပါတယ်ဘုရား။ ဆက်လက်ပြီးတော့လည်း ဘုရားသာသနာ အဓွန့်ရှည်ရေးအတွက် ရဟန်းတစ်ပါး လုပ်သင့်တဲ့အလုပ်တွေကို လုပ်သွားပါ့မယ်။

ရှေးယခင်က မှားခဲ့တဲ့ တရားအမှားတစ်ခုကို ပယ်ဖျက်ပြီးဆိုပေမဲ့ ကျန်ခဲ့တဲ့ အယူဝါဒ တစ်စွန်းတစ်စကို နောင်နှစ်ပေါင်းများစွာမှာ တွေ့ပြီး နှစ်သက်သွားသူက ဆက်လက် အသုံးပြုပါလိမ့်ဦးမယ်၊ အဲဒီလူအတွက် အများကြီး ဆုံးရှုံးရသလို တရားအမှားကို တည်ထွင်ခဲ့သူဟာလည်း အပြစ်မကင်းသေးပါဘူး အရှင်ဘုရား။

ထို့အတူပါပဲ အရှင်ဘုရားဟောတရား မှားခဲ့တာတွေ (အရှင်ဘုရား ကိုယ်တိုင်ပြော) ဘယ်လိုကုန်အောင် လိုက်သိမ်းနိုင်ပါ့မလဲ အရှင်ဘုရား။ နောင်နှစ်ပေါင်း တစ်ရာနှစ်ရာမှာ လူတစ်စုက အရှင်ဘုရားရဲ့ တရားအမှားလေးကို အမှန်ထင်ပြီး နှစ်သက်ပါတယ်ဆိုပြီး ဖြန်ဝေကျင့်ကြံနေရင် အရှင်ဘုရားကိုယ်တိုင် စိတ်ချမ်းမြေ့နိုင် လောက်ပါ့မလား ဘုရား၊ ဒီတော့ အရှင်ဘုရား မှားလောက်တယ်ထင်တဲ့ တရားတွေ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားပေးပါဘုရား။ ဒါထက် ပိုအရေးကြီးတာကတော့ နောက်ထပ် ဟောမဲ့တရားတွေ အကောင်းဆုံး ထေရ၀ါဒ ဆဋ္ဌမူနဲ့ သွားနိုင်ပါစေလို့ ဘုရားတပည့်တော် ဒီနေရာက လက်အုပ်ချီလို့ လျှောက်ထားလိုက်ပါတယ် ဘုရား။ အရှင်ဘုရားရဲ့ တရားမှန်တွေနာပြီး ကျွတ်တမ်းဝင်မဲ့ ပစ္စည်းလေးပါး ဒကာဒကာမတွေ ရှိနေပါသေးတယ်၊ သူတို့ကို ငဲ့ပါ ဘုရား။


အကြံပြုချင်တာကတော့ အရှင်ဘုရား သွားလေရာမှာ ဓမ္မာစရိယတစ်ပါး ပင့်ထားပြီး စာသင်ရင်း တရားဟော တရားဟောရင်း စာသင်သွားရင်၊ သုံးနှစ်အတွင်းလောက်မှာ အရှင်ဘုရား လိုရာပန်းတိုင်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အရှင်ဘုရားမှာ အသုံးချလို့ရတဲ့ စွမ်းရည်တွေ ရှိနေပါသေးတယ်၊ အရှင်ဘုရားနဲ့ တပည့်တော်တို့ ကိလေသာတောက ထွက်ချင်လို့ ရဟန်းပြုလာတဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်လာပါလိမ့်မယ်၊ ဖြစ်မြောက်စေချင်ပါတယ် ဘုရား။ ဒီလိုမှ မဟုတ်ရင်တော့ အရှင်ဘုရား ရည်မှန်းချက်တွေ ပျက်ဆီးဆုံးရှုံးမှာ စိုးရပါတယ် ဘုရား။

တပည့်ယောဂီရဲ့ ချီးမွမ်းမှုထက် 
ပညာရှိတို့ရဲ့ အပြစ်ပြခြင်းက လွတ်အောင် ကြိုးစားသင့်ပါတယ် ဘုရား။

ဘုရားတပည့်တော် ပုဂ္ဂိုလ်ရေး မပြောလိုပါဘူးဘုရား၊ ဒီတော့ မနာလိုလို့ ပြောတာပါလို့ မဆိုပါနဲ့ဘုရား။ အရှင်ဘုရားက တပည့်တော်ထက် ဆွမ်းတွေ ဆေးတွေ ကျောင်းတွေ သင်္ကန်းတွေ ပိုပြီး ရချင်ရနေပါလိမ့်မယ် တပည့်တော်ကို လိုချင်လို့ မနာလိုလို့ ပြောတာပါလို့လည်း မဆိုပါနဲ့ဘုရား။ အရှင်ဘုရားက တပည့်တော်ထက် တရားဟောတာတွေ ယောဂီတွေ ပိုများပြီး အဟောကောင်းချင် ကောင်းပါလိမ့်မယ်၊ ဘုန်းကြီးချင် ကြီးပါလိမ့်မယ် ဒါတွေကို မက်မောလို့ မနာလိုလို့ ပြောတာပါလို့လည်း မဆိုပါနဲ့ဘုရား။ အရှင်ဘုရားနဲ့ တပည့်တော်ကြားမှာ ဒါတွေနဲ့ပါတ်သက်ပြီးတော့လည်း မနာလိုစရာ မရှိပါ၊ တစ်ဦးနဲ့တစ်ဦးလည်း မသိကြပါ၊ ကြီးဖြူ အချင်းချင်းဖြစ်နေတော့၊ ငယ်ဖြူမို့ အနိုင်ကျင့်တယ်လို့လည်း ပြောစရာမရှိတော့ပါ ဘုရား၊ သာသနာ့မျက်နှာ ဘုရားမျက်နှာ ကြည့်ပြီးတော့ ပြောဆိုနေခြင်းမျှသာ ဖြစ်ပါတယ်။

မနာကြားရသေးတဲ့သူများ အမှန်အမှား လေ့လာနိုင်စေဖို့ ဆရာတော်ရဲ့ တရားဝင် ဆွေးနွေးပွဲ အသံများကို တင်ပေးလိုက်ပါတယ်ဘုရား။

ဆွေးနွေးပွဲတရား ပြန်နာပါတယ်ဘုရား အတော်ကို စိတ်မကောင်းပါ။

အရှင်ဘုရား အမြင်မှန်ပါစေဘုရား
ဦးလောကနာထ
၂.၁၅.၂၀၁၀


ဆူနာမီဆရာတော်နှင့် ဒကာဒကာမများ အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ

အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၁

[ငြိမ်းချမ်းပါစေ...]

အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၂

[ငြိမ်းချမ်းပါစေ...]

အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၃

[ငြိမ်းချမ်းပါစေ...]

အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၎

[ငြိမ်းချမ်းပါစေ...]

12 comments:

Vipassana Meditation said...

ဆရာတော် ဦးလောကနာထ အရှင်သူမြတ်ဘုရား...

တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား
ဆူနာမီဆရာတော်ရှင်းပြချက် တရား ၉ ပုဒ်ပါဘုရား။
သေသေချာချာနားဆင်ပေးစေလိုပါတယ်ဘုရား..
ဆူနာမီဆရာတော်ဟာ ပညတ်များကို ပယ်ခိုင်းနေတာလား။ ဒါမှမဟုတ် ပညတ်များအပေါ် ငြိတွယ်နေသည့် သမုဒယသစ္စာ ဥပါဒါန်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ်နိုင်စေရန် နည်းလမ်းပေးနေတာလားဆိုတာ ကွဲကွဲပြားပြား သိရှိနိုင်ရန်အတွက် သေသေချာချာ နားဆင်ပေးစေလိုပါတယ်ဘုရား။
အောက်ပါလင့်လေးမှာပါဘုရား။

http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e


ဒီအောက်ပ လင့်လေးကတော့ ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍ သီဟိုဠ်မှ မေးခွန်းများအား လယ်တီဆရာတော်ကြီး၏ ရှင်းလင်းချက်ပါဘုရား

http://realenlightenment.multiply.com/journal/item/9/9

ရှိခိုးဦးခိုက်လျှက်
သစ္စာ

ရှိခိုးဦးခိုက်လျှက်
သစ္စာ

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

သူ ဦးဇင်းမဝတ်ခင် လူဝတ်နဲ့  ၃၈လမ်းမှာ တရားစာတရားခွေတွေ အခမဲ့ငှားဆိုင်ဖွင့်ထားတာ အရမ်းလေးစားမိတယ်။ယောဂီတယောက်လို နေထိုင်သွားလာတာ သိပ်ကြည်ညိုဖို့ ကောင်းတယ်။အခုနောက်ပိုင်း သင်္ကန်းဝတ်သွားပြီးမှ ပေါက်ကရအသံတွေ ကြားလာရတာ အကြည်ညိုပျက်လာတယ်။ ဖြစ်နိုင်ရင် အရင်ကလိုပဲ လူယောဂီအကျင့်လေးနဲ့  အခမဲ့တရားဆိုင်လေး ပြန်လုပ်နေတာကမှ အကျိုးရှိဦးမယ်။သင်္ကန်းဝတ်ကြီးနဲ့ ပြစ်မှားကျူးလွန်နေတာ အားလုံးအတွက်အကျိုးယုတ်ပါတယ်။သက်ဆိုင်ရာက သူ့ ကို လူဝတ်ပြန်လဲပေးလိုက်ရင် သိပ်ကောင်းမယ် သာသနာအတွက် အကျိုးဖြစ်ထွန်းမယ် ထင်ပါတယ်။
oway8888

Vipassana Meditation said...

ဆူနာမီ ဆရာတော် ကို စစ်ဆေးမေးမြန်းခဲ့ကြသောသူ ဆရာတော်များ နှင့် ပညာရှင်တချို့ အား လေးမြတ်စွာ ပန်ကြား လျှော်ထားအပ်ပါသည် .......ဆူနာမီဆရာတော်အား မေးမြန်းခဲ့ကြသောမေးခွန်းလေး များ နှင့် စပ်လျဉ်း၍ အများသူငါ အမှားအမှန် သံသယ ရှင်းလင်းစွာ သိရှိနိုင်ရေး မေးခွန်းပုစ္ဆာ( ၉ )ခုအား မေတ္တာရှေ့ထားကာ ဖြေကြားပေးပါရန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည် ဘုရား။

ဆရာတော်အချို့ နှင့် ကို အောင်ဦး (www.dhammaratha.com) တို့ ဦးဆောင်ကာ ဆူနာမီ ဆရာတော်အား မေးခွန်းများ မေးမြန်းခဲ့ပြီး၊ မေးခွန်း တချို့အား (YES or NO) ဖြေခိုင်းပြီး ။ တချို့မေးခွန်း များတွင် ဆူနာမီဆရာတော်မှ (YES or NO) မဖြေခဲ့မှုများ အတွက် ဆရာ့တော်အား ဝေ့လည်ကြောင်ပတ် လုပ်သည် ဟု ဆိုကာ ဒေါသဖြင့် စွပ်စွဲ ပြောဆိုခဲ့သူများအား အမှန်တရားကို သိစေခြင်းငှာ ရည် ရွယ် လျက် ယခု မေးခွန်းပုစ္ဆာ( ၉) များအနက် (YES or NO) မေးခွန်းများကို (YES or NO) ဖြေကြား ပေးရန် တောင်းပန်လျှောက်ထားအပ်ပါသည်အရှင်ဘုရား။ အကယ်၍ (YES or NO) မေးခွန်းများကို (YES or NO) မဖြေနိုင်ပါကလည်း မိမိနှစ်သက်သလို အများပြည်သူ နားလည်လွယ်မည့် မှန်ကန်သော အဖြေ ကို ပေးစေ လိုပါ သည်ဘုရား။


-မိမိ ကိုယ်ပိုင်အသိဥာဏ်ဖြင့် သော်လည်းကောင်း ။ မိမိဆရာသမားကိုမေးမြန်း၍သော်လည်းကောင်း၊ စာအုပ်ထဲတွင်လိုက်ရှာ၍သော်လည်းကောင်း မေးခွန်းများကို အများသူငါ သိရှိစေခြင်း ငှာ စေတနာ ထား၍ ဖြေကြားပေးတော်မူပါဘုရား။

ဆူနာမီဆရာတော်အား ဆွေးနွေးဝေဖန်ကြသူများဟာ ယခု မေးခွန်းပုစ္ဆာ( ၉ )ကို အများနားလည်လွယ်အောင် လိုတိုရှင်းဖြင့် မှန်ကန်စွာ ရှင်းလင်းစွာ ဖြေဆိုနိုင်သလား။ (သို့မဟုတ်) လုံးဝမဖြေဆိုနိုင်ဘူးလား ဆိုတာ ကို ပရိသတ်အများ ကွဲပြားစွာ သိရှိစေခြင်း ငှာလည်းကောင်း၊ ဓမ္မရေးရာ အမှား/အမှန် ပတ်သက်၍ ပရိသတ်အများ ကွဲကွဲ ပြားပြား သိရှိကာ ဓမ္မရေးရာ ဗဟုသုတ အသိဥာဏ် တိုးပွား စေရန် လည်းကောင်း၊ ဆူနာမီဆရာတော်မှ မေးခွန်းတချို့အား YES or NO မဖြေခဲ့မှုများအတွက် အများသူငှာ နားလည် သဘောပေါက်စေရန် အတွက်သော်လည်းကောင်း ရည်ရွယ်ပါသည်။

ဒီလင့်မှာ မေးခွန်းလေး(၉)ခုပါဘုရား

http://trueanswer.multiply.com/journal/item/5/5


ရိုသေလေးစားစွာဖြင့်

သစ္စာ

ကျော်သုည said...
This comment has been removed by a blog administrator.
ဦးလောကနာထ said...

Vipassana Meditation ဆိုသူသို့...


သူတစ်ပါး ပါးစပ်ဖျားလမ်းဆုံးခဲ့တာ သံသရာတစ်လျောက်ပါပဲကွယ်...

ကျေးဇူးပြု၍ သူတစ်ပါး ပါးစပ်ထဲ ဘုန်းကြီးဘ၀လေး မထည့်ပါရစေနဲ့နော်...

ဒါကြောင့် သည်ဘ၀တော့ ကံကောင်းထောက်မလို့ ရလာတဲ့ ရဟန်းဘ၀မှာ မြတ်ဗုဒ္ဓသာသနာစစ်စစ်ကလေးရဲ့ အရသာ ခံစားချင်လွန်းလို့ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် မြန်မာပြန်ကြီးပဲ ဖတ်ပါတော့တယ်... ၁-နာရီခြင်းအတူတူ အရသာခြင်း ကွာလှပါတယ်.. မိစ္ဆာဒိဋ္ဌိဘေးက ကင်းဝေးအောင် ပြုပေးတော်မူတဲ့ သံဃာယနာတင် သံဃာ့မထေရ်ကြီးများအား ကျေးဇူး အထူးတင်ရှိပါတယ် ဘုရား...

ဘုန်းကြီးအတွက် ဆဋ္ဌမူကတော့ ဖတ်လေ အရသာရှိလေပါပဲ...
ဒါကြောင့်လည်း ကိုယ်တွေ့တရားတွေ စိတ်မ၀င်စားတော့တာပါ...

ဒကာလေးတို့ကတော့ ကိုယ်ဆန္ဓအတိုင်းပေါ့လေ...
စိတ်ချမ်းသာ ကြပါစေ...

ဦးလောကနာထ said...

အမှားကြာရင် အမှန်ထင်တတ်လို့
စကားလုံးလေး ပြင်မယ်...

(သံဃာယနာတင်)
သင်္ဂါယနာ သို့ သံဂါယနာ

(ဆန္ဓ)
ဆန္ဒ

အမှားလေးကို ပြင်လိုက်ပါတယ်...

ဦးလောကနာထ

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ရဟန်းဆို ၀ိနည်းတရားနဲ့ နေကြကွယ်

Anonymous said...

u

အောင်ကြူး said...

ကြည့်လည်းဦးလုပ်နော် ဆရာတော် ဦးလောကနာထ... မစိုးရင် (စာသင်သား) ကိုယ်တော်ကတော့ လူထွက်သွားပြီ။.....ကဲ့ရဲ့ရှုံ့ချတာ မဟုတ်ဘူးနော်.. ဘုန်းကြီးဝတ်နဲ့ မပျော်ပိုက်ဘဲ ကြိတ်မှိတ်စိတ်ဆင်းရဲနေတာထက်စာရင် လွတ်လွတ်လပ်လပ် လူဝတ်လဲလိုက်တာ ပိုမှန်ကန်ပါတယ်။ ထောက်ပြချင်တာ ပိဋကတ် ပိဋကတ်နဲ့ ပညတ်နောက် သိပ်မလိုက်ဖို့ပါ။ ပုထုဇဉ် အချင်းချင်းဆို ကိစ္စမရှိပေမဲ့ အရိယာတဦးဦးကို ပညတ်သညာအသိ ပိဋကတ်ပေတံနဲ့ သွားထောက်မိရင် အန္တရာယ်သိပ်ကြီးတယ်။ မစိုးရိမ် စာသင်သားလို ပညာတတ် လူပြန်တော်တဦအတွက် သာသနာရေးဦးစီးဌာန၊ သာထွန်းပြန့်လိုမျိုးမှာ နေရာပြန်ပေးမယ်ထင်ပါတယ်။ ဘုရားသားတော် တပါးဖြစ်ခဲ့လို့ နေရာရာခဲ့ရင်တောင် ရာထူးပါဝါမာန်နဲ့ ထေရဝါဒခေါင်းစဉ်နဲ့ သူတပါးကို မနှိပ်စက်ကောင်းပါရယ်လို့တော့ တွေးမိပါတယ်။...
အရှင်ဝီရသူ (မစိုးရိမ်)၊ မေ ၂၅၊ ၂၀၁၂
စာရေးသူ လူ့ပြည်ပြန်ရောက်မှ နာမည်ကျော် ရဟန်းပျိုများ လူပျံတော်ဘဝသို့ ကူးပြောင်းသွားသည်မှာ နှစ်ပါးပင် ရှိလေပြီ။ နှစ်ပါစလုံး ထင်ရှားကျော်ကြားသူများပင် ဖြစ်ပေသည်။ တစ်ပါးက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူဖြစ်ပြီး၊ ကျန်တစ်ပါး မှာ သာသနာလောက၌ ထင်ရှားသူ ဖြစ်လေသည်။ နိုင်ငံကျော် ကမ္ဘာကျော် ဆရာတော်လေးများ ဖြစ်ကြ၏။
တစ်ပါးကား- ဦးဂမ္ဘီရ ဖြစ်ပြီး၊ တစ်ပါးမှာ ဦးဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား) ဖြစ်ပေသည်။
http://moemaka.com/2012/05/ashin-wirathu-%E1%80%9C%E1%80%B0%E1%80%95%E1%80%BA%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%82%80%E1%80%80%E1%80%B3/

U Lawkanartha said...

အော် ဂရုစိုက်လိုက်ပါ့မယ် ဒကာလေး...

မစိုးရိမ်စာသင်သား ဘာလို့လူထွက်လည်း သိချင်ပါတယ်...
ဒကာလေးသိရင် စာရေးပြီးပို့ပေးလိုက်ပါလား...
ဆရာတော်က ကြည်ညိုဖို့ကောင်းပါတယ်...
သာသနာအတွက် တန်ဖိုးရှိတဲ့သူတစ်ယောက်ဘဲ...
ဆရာတော်ကိုဖျက်ဆီးတဲ့သူတွေနဲ့ မတွေ့ချင်ဘူး...
လူထွက်အောင်လုပ်တဲ့သူတွေမှာ အပြစ်ရှိပါတယ်...

လူ့ဘ၀မှာ ပျော်နေပြီလားတော့ မသိဘူး...
အဆင်ပြေပါစေ...

ဆရာတော်ကိုလျောက်လိုက်ပါ လူဘ၀နဲ့သာသနာကို စောင့်ရှောက်ပါလို့...

မိသားစုအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
ဦးလောကနာထ